ပါမုန့်ကြော် |
သကြားလေးဖြူးပြီးဘဲစားစား နို့စိမ်းလေးစိမ်ပြီးဘဲစားစား အရမ်းကို ကောင်းလွန်းပါတယ်။
ကော်ဖီလေးနဲ့လိုက်သလို သူ့ခြည်းဘဲလဲ စားလို့အရမ်းကောင်းပါတယ် ပါမုန့်ကိုအမြဲတမ်း မကြိုက်ပေမဲ့ တစ်ခါတစ်လေတော့ စားချင်စိတ်ရှိခဲ့ပါတယ် ဒီနေ့ကြော်တဲ့ ပါမုန့်လေးကို မာမာကတော့ စိမ့်စိမ့်လေး ဘဲစားမှာမို့ ကြော်ပြီးသား ဒီအတိုင်းလေးဘဲစားပါမယ် ရိုးရှင်းလွန်းတဲ့ ပါမုန့်ကြော်လေးပေမဲ့ စိတ်ကူးရရင် ကြော်စားနိုင်အောင် တင်ပေးလိုက်တာပါ။
ပေါင်မုန့် နှစ်လုံးစာအတွက်
- ပေါင်မုန့် - နှစ်လုံး
- ကြက်ဥ - နှစ်လုံး
- နို့ - လက်ဖက်ရည်ပန်းကန် တစ်လုံး
- ဆီ - ထမင်းစားဇွန်း သုံးဇွန်း
ပါမုန့်ကြော်ရန်အတွက်ပါ
ပါမုန့်ကိုအလယ်ကထက်ခြမ်းခွဲကာကြက်ဥနှင့်နို့ခလောက်ထားသောရည်ထဲတွင်နှစ်ပေးပါ အပေါ်အောက်နှစ်ဖက်စလုံးနှင့်အထဲကိုပါ ဝင်အောင်နှစ်ပေးပါတယ်
မီးအနေတော်နှင့်အပေါ်အောက်ကိုကြော်ပေးပြီး နှစ်ခြမ်းခွဲကာအထဲနှစ်ဖက်ကိုကြော်ပေးပါတယ် နှစ်ဖက်စလုံးရွှေဝါရောင်သန်းလာပါ ဆယ်ပြီးဆီစစ်ပေးပါ ပြီးလျှင်နှစ်ခြမ်းပြန်အုပ်ပေးပြီးနှစ်သက်သလို သကြားဖြူးပြီးဘဲစားစား နို့စိမ်းဆမ်းပြီးဘဲစားစား စားလို့ရပါပြီ
ကြက်ဥနွားနို့ စိမ်ကြော်ထားတဲ့ပါမုန့်ကြော်လေးရပါပြီ
ကောင်းတယ်အစ်မရေ.. နွားနို့လေးနဲ့စိမ်လိုက်တော့ ပိုဆိမ့်သွားတာပေါ့..
ReplyDeleteအပြောင်းအလဲအနေနဲ့ ကြက်ဥပေါင်မုန့်ကြော်လေးကိုလဲ စားချင်စိတ် ဖြစ်တတ်တယ်.. ^_^
စိမ့်စိမ့်လေးနဲ့ကောင်းတယ် ညီမလေးရေ..
Deleteနို့စိမ်းဆမ်းစားမယ် မမမာ
ReplyDeleteစားနော် စု..
Delete