Monday, 19 November 2012

မုန့်ညှင်း ခရုဆီကြော်

မုန့်ညှင်းကြော်
ဘေဘီမုန့်ညှင်းလေးပါ ဘာအသားမှမထဲ့ဘဲ ခရုဆီလေးနဲ့ဘဲ ကြော်ထားပါတယ် သူ့အရွက်က နဂိုထဲကချိုပြီးသားမို့ သားသတ်လွတ်လေးကြော်လဲ အရမ်းကောင်းပါတယ် ဒီနေ့တော့ အပြောင်းအလဲလေးဖြစ်အောင် ခရုဆီလေးနဲ့ကြော်ထားတာလေး ပို့ခဲ့ပါပြီ

ကြော်ဖို့လိုအပ်တာလေးတွေက
  • တစ်ရွက်ချင်းဖဲ့ကာ ရေဆေးထားသော ဘေဘီမုန့်ညှင်း - နှစ်ပင်
  • ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံးတပုံ
  • ခရုဆီ - ထမင်းစားဇွန်း တဇွန်း
  • အကွင်းလိုက်လှီးထားသော ကြက်သွန်နီ - အနေတော် တလုံး
အရွက်လိုက်ဖဲ့ပြီး ရေဆေးထားသျောဘဘီမုန့်ညှင်း

ပွက်ပွက်ဆူနေသောရေနွေးနှင့် တမိနစ်လောက် စိမ်ထားပေးပါ

ရေနွေးထဲမှဆယ်ကာ ရေအေးနှင့်ပြန်စိမ်ပေးပြီး ရေစစ်ထားသောမုန့်ညှင်းရွက်

ဆီပူပူမှာကြက်သွန်နီကို မိနစ်ဝက်လောက်ကြော်ပေးပြီးမှ
မုန့်ညှင်းရွက် ဆား ဟင်းချိုမှုန့် ခရုဆီတို့ကိုထဲ့ကြော်ပေးပါ

တစ်မိနစ်ခွဲလောက်ကြော်ပေးပြီးရင်ရပါပြီ

ခရုဆီမွှေးမွှေးလေးနှင့် ဘေဘီမုန့်ညှင်းကြော် ချိုချိုလေးရပါပြီ

Wednesday, 14 November 2012

မကျီးရွက်နုပေါင်းသုပ် စပ်စပ်လေး

မကျီးရွက်နုပေါင်းသုပ်
ဒီနေ့တော့ တစ်မနက်လုံး ဘလော့မှာ ပုံတင်လို့မရလို့ ဟိုလုပ်ဒီလုပ်နဲ့ အလုပ်လေး နဲနဲများသွားခဲ့ပါတယ် ဘာချက်ရင်ကောင်းမလဲ စဉ်းစားပြီး နောက်ဆုံးတော့ မကျီးရွက်နုပေါင်းလေးဘဲ သုပ်စားဖြစ်ခဲ့ပါတယ် ။

အိမ်နောက်ဖေးက ဗူးညွန့်လေးကို ဆင်းခူးပြီး ဟင်းခါးလေး တစ်ပန်းကန် ချက်လိုက်ပါတယ်။
ထမင်းမိန်စေတဲ့ အသုပ်လေးမို့ အသားမနှစ်သက်တဲ့ မာမာတို့တွေအတွက် မိန်ရာဟင်းကောင်းလေး ဖြစ်ခဲ့ပါတယ်။

လတ်လတ်ဆတ်ဆတ် ဗူးရွက်ဟင်းခါးလေးကလဲ ချိုမှချိုမို့ နှစ်သက်စရာ အရည်သောက် ဟင်းလေးတစ်မယ်ပါ။

မကျီးရွက်နုပေါင်းသုပ်လေး အရင်သုပ်ကြည့်ကြမယ်နော်
  • မကျီးရွက်နုပေါင်း - လက်ဖက်ရည်အကြမ်းပန်ကန် တစ်လုံးစာ
  • ပဲမှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  • ငရုတ်သီးအလှော်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ခပ်ပါးပါးလှီးပြီးရေဆေးထားသောကြက်သွန်နီ - တစ်ခြမ်း
  • ပုဇွန်ခြောက်မှုန့်  - ထမင်းစားဇွန်းမောက်မောက် နှစ်ဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ကြက်သွန်ဖြူဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း
  • မကျီးရွက်နုပေါင်းတွင်အငံပါပြီးသားမို့ အငံထဲ့စရာမလိုပါ

မကျီးရွက်နုပေါင်းရန်ပြင်ထားပါ

အားလုံးကိုခပ်ဖွဖွရောနယ်ပေးပြီးလျှင်ရပါပြီ

အသုပ်လေးနှင့်တွဲဖက်သုံးဆောင်စရာ ဗူးညွန့် ဟင်းခါးလေးပါ
သုံးဆောင်ဖွယ်ရာမကျီးရွက်နုပေါင်းသုပ်နဲ့ဟင်းခါးလေးပါ

Wednesday, 7 November 2012

Butter Cake

Butter Cake


မာမာ ဒီနေ့ သမီးလေးနဲ့အတူတူ butter Cake လေးဖုတ်ပါတယ် စိတ်ထဲမှာ စားချင်စိတ်လေးရှိတာနဲ့ မြန်မြန်လေးဘဲပြင်ဆင်ပြီး ဖုတ်ထားတာပါ အားလုံးလိုလို သမီးဘဲပြင်ဆင်ပြီး လုပ်သွားပါတယ် မာမာကအကူပေါ့နော်။

မုန့်လေးတွေဖုတ်ရတာအရမ်းလွယ်ပြီး စားရတာလဲ အရမ်းအရမ်းကောင်းလို့ မျှဝေပေးချင်ပါတယ်
မုန့်မဖုတ်ခင် ပြင်ဆင်နေတုန်း Oven ကို နာရီဝက်လောက် ကြိုဖွင့်ထားမှ မုန့်သားလှလှလေးတွေရပါမယ် နောက်ပြီးဒီမုန့်လေးက စက်ဖျော်မဟုတ်ဘဲ လက်ဖျော်လေးမို့ ကတိကထလဲ မများလှပါဘူး မုန့်သားစပ်ပြီး လက်နဲ့ဖျော်ပြီး  မွှေပေးရုံလေးမို့ ကဗျာလဲအရမ်းဆန်ပါတယ် မွှေနေရင်းက မုန့်သားလေးတွေ တက်တာကြည့်ပြီး  ပိုပြီးစိတ်ဝင်စရာလဲ ကောင်းပါတယ်။

ဝါသနာပါလို့ Butter Cake လေး ဖုတ်ကြည့်မယ်ဆိုရင်တော့
ပါဝင်ပစ္စည်းလေးတွေကိုပြင်ပါမယ်
  • 2 cups self raising flour   
  • 2 eggs
  • 125 g butter
  • 2/3 cup milk
  • 1 tsp vanilla essence
  •  3/4 cup caster sugar
  • 3 tsp Raspberry  

အားလုံးကိုရောပြီးဝါးယောင်းမလေးနှင့်ငါးမိနစ်လောက်မွှေပေးပါ
နှစ်သက်သလိုလေးတွေဲ့ပြီးဖုတ်နိုင်ပါတယ်
မုန့်ဖုတ်မည့်ခွက်ကိုဆီဖြန်းပြီးမှမုန့်နှစ်ကိုထဲ့ပေးပါမယ်
တစ်ရာ့ငါးဆယ်ဒီဂရီနှင့်ဖွင်းထားသောoven တွင် မာဖင်ခွက်လေးများ
ကို၂၅မိနစ် ဖုတ်ပေးပြီးloaf pan ကိုမိနစ်၄၀ဖုတ်ပေးပါတယ်
နှစ်ဆယ့်ငါးမိနစ်ပြည့်လျှင်ထုတ်ပေးနိုင်ပါပြီ
မိနစ်၄၀ -၄၅မိနစ်ပြည့်လျှင်ရပါပြီ
ကိတ်လှလှလေးများရပါပြီ
ရက်စ်ဘယ်ရီယို သုတ်ထားတဲ့ကိတ်လေးပါ
Butter Cake မွှေးမွှေးလေးပါ
စားချင့်စဖွယ် Butter Cake လေးများရပါပြီ

Thursday, 1 November 2012

ကြက်ဆီထမင်း မွှေးမွှေးလေး

ကြက်ဆီထမင်း
မာမာ ဒီနေ့ကြက်ဆီထမင်းလေး ချက်ပါတယ် တစ်နေ့တစ်နေ့ ဘာချက်ရင်ကောင်းမလဲ ဘာစားရရင်ကောင်းမလဲဆိုတဲ့ အတွေးတွေက အိမ်ရှင်မတွေအတွက် တော်တော်လေး ခေါင်းစားတဲ့အလုပ်တစ်ခုပါ။

အသားငါး အကုန်စားတဲ့ မိသားစုဆိုရင်တော့ သိပ်စဉ်းစားစရာမလိုပေမဲ့ အသားငါးတွေရှောင်တဲ့ မိသားစုတွေအတွက်တော့ အရမ်းကိုစဉ်းစားရပါတယ် မနက်စာအတွက်ကို ညထဲကမေးရပါတယ် ဘာစားချင်ကြလဲ ဘယ်လိုလေး ချက်ပေးရမလဲ သူတို့ဆီကအဖြေရရင်တော့ အဆင်သင့် ချက်ပေးလိုက်ရုံပါဘဲ သူတို့ဆီက အဖြေမရတဲ့နေ့ဆိုရင်တော့ ကိုယ့်စိတ်ထဲရှိတာလေးဘဲ ချက်လိုက်ပါတယ်။

ဒီနေ့တော့ မာမာစိတ်ထဲရှိတဲ့အတိုင်း ကိုယ်စားချင်သလိုလေးဘဲ ချက်လိုက်ပါတယ်
မာမာ ဒီနေ့ချက်တဲ့ ကြက်ဆီထမင်းလေးက အရမ်းလွယ်ပါတယ် မနေ့ညက TV အစီအစဉ် တခုကလာတဲ့ ကြက်ဆီထမင်း ချက်နည်းလေးကိုကြည့်ပြီး ချက်ထားတာပါ သူကတော့ မြေအိုးလေးနဲ့ချက်ပါတယ် မာမာကတော့ မြေအိုးမရှိတာနဲ့ ထမင်းပေါင်းအိုးလေးနဲ့ ဘဲချက်လိုက်ပါတယ်။

ချက်နည်းလေးက ပကာသနမဖက်သလို အရမ်းကိုရိုးရှင်းပါတယ် ဒါပေမဲ့ချက်ပြီးတဲ့ အခါမှာတော့ စားလို့အရမ်းကောင်းတဲ့အတွက် ရိုးရှင်းလွယ်ကူပြီး စားလို့အရမ်းကောင်းတဲ့ ကြက်ဆီထမင်းလေး မျှဝေလိုက်ပါတယ်။
လေးယောက်ညမနက်

ကြက်သားပြုပ်ရန်
  • ဗိုက်ထဲမှကလီစာများထုတ်ပြီးရေစင်အောင်ဆေးထားသောကြက်တစ်ကောင် - 1kg
  • ခပ်ပါးပါးလှီးထားသောချင်း - ငါးချပ်
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်းမောက်မောက်
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်းတဝက်
  • ကြက်သားပြုပ်ရန်ရေ - ထမင်းပေါင်းအိုးဆန်ချင်ဗူး ဆယ့်ငါးဗူး(ထမင်းချက်၍ပိုသော ကြက်ပြုပ်ရည်ကို ဟင်းချိုရည်ချက်ပါ)
ဆီသတ်ပြီးဆန်ကိုကြော်ရန်
  • ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  • ရေဆေးပြီးရေစစ်ထားသောBasmati ဆန် - ပေါင်းအိုးခပ်ဆန်ချင်ဗူး လေးဗူး
  • ညက်နေအောင်ထောင်းထားသောချင်း - လက်တဆစ်၏ တဝက်
  • မညက်တစ်ညက်ထောင်းထားသောကြက်သွန်နီ - တလုံး
  • ဆား - ထမင်းစားဇွန်း တဇွန်း
  • မညက်တစ်ညက် ထောင်းထားသောကြက်သွန်ဖြူ - သုံးမွှာ
တွဲဖက်စားရန်
  • ချင်းအချဉ် - နှစ်သက်သလောက်
  • ငရုတ်သီးအချဉ် - နှစ်သက်သလောက်
  • သခွားသီး - နှစ်သက်သလောက်

ကြက်ဆီထမင်းချက်ရန် ကြက်သားနှင့်ဆန်
ရေစင်အောင်ဆေးထားသောကြက်သား ဆန် ကြက်သွန်ဖြူ နီ ချင်း
ကြက်သား ချင်းနှင့်ဆားထဲ့ပြီးမိနစ်လေးဆယ်လောက်ရေပွက်ပွက်
ဆူလာတဲ့ထိတည်ပါ
မိနစ်လေးဆယ်လောက်ပြည့်ပါကကြက်သားကိုဆယ်ပေးပြီး
ရေစစ်ထားပါ ထမင်းကျက်ပါကလိုသလိုခုတ်ပြီးပြင်ပေးပါ
ထမင်းချက်သည့်အထဲသို့ထဲ့ရန်ကြက်ပြုပ်ရည်
ဆီပူလာပါကထောင်းထားသောကြက်သွန်ဖြူ နီ ချင်းတို့ကိုမွှေးလာတဲ့
ထိဆီသတ်ပေးပြီးမှဆန်ကိုထဲ့ပြီးသုံးမိနစ်လောက်ကြော်ပေးပါ
ကြော်ထားသောဆန်ထဲသို့ကြက်ပြုပ်ရည်နှင့်ဆားထဲ့ပြီးချက်ပေးပါ
ထမင်းပေါင်းအိုးခလုတ်တက်လျှင်ကြက်ဆီထမင်းလေးကျက်ပါပြီ
ကြက်ပြုပ်ရည်နှင့်ကြက်ဆီထမင်းမွှေးမွှေးအိအိလေးရပါပြီ