Monday, 30 July 2012

Honey Chicken

Honey Chicken
သမီးလေးချက်တဲ့ တရုတ်စာဟင်းအမယ်လေးတစ်မျိုးပါ အမြင်လှသလိုစားလို့လဲအရမ်းကောင်းပါတယ် သူ့ရဲ့စိတ်ရှည်မှုနဲ့လုပ်ရည်ကိုင်ရည်သပ်ရပ်မှုကို အမေဖြစ်တဲ့ကျွန်မတော့ တိတ်တိတ်လေးချီးကျူးမိပါတယ်
ဒီနေ့လဲ ဟင်းချက်ချင်ဆိုတာနဲ့ သူ့ကိုပေးချက်လိုက်ပြီး မာမာနားနေလိုက်ပါတယ် လူငယ်ပေမဲ့ ချက်တာပြုပ်တာလေးကိုစိတ်ဝင်တဲ့အတွက် အမေဖြစ်သူအတွက်တော့ ဝမ်းသာစရာပေါ့နော်။

ဒီနေ့သူချက်တဲ့ဟင်းလေးက ဂျင်းနံ့မွှေးမွှေးလေးရယ် ပျားရည်ရနံ့သင်းသင်းလေးရယ်ကြောင့် စားလိုက်ရင်ခံတွင်းတော်တော်တွေ့စေတဲ့ ဟင်းလေးပါ။

ကြက်သားနှင့်ကြော်ရန်အတွက်
  •  1/2 lb Chicken (ကြက်ရင်ပုံသား)
  • 1 1/3 tablespoon  cornstarch (ပြောင်းဖူးမှုန့်)
  • 1 tablespoon  flour (ဂျုံမှုန့်)
  • 1/3 teaspoon baking powder
  • 2 1/2 tablespoons water (ရေ)
  • 1/6 teaspon salt (ဆား)
  • 1 egg (ကြက်ဥ)
ကြက်သားပေါ်ဆမ်းရန်အချဉ်အတွက်
  • 2 tablespoons oil (ဆီ)
  • 2/3 teaspoon ginger paste (ထောင်းထားသောဂျင်းအနှစ်)
  • 1 tablespoon garlic paste (ထောင်းထားသောကြက်သွန်ဖြူအနှစ်)
  • 1 tablespoon honey (ပျားရည်)
  • 1/3 salt (ဆား)
  • 1/3 vineger (ရှာလကာရည်)
  • 5 tablespoons water (ရေ)
  • 1/3 cornstarch(ပြောင်းဖူးမှုန့်)
  •  seasame seeds ( နှမ်းစေ့)

ဂျုံ  ဆား ပြောင်းဖူးမှုန့် baking powder ရေနှင့်ကြက်ဥ
ကြက်ဥကိုဖောက်ပြီးအားလုံးနှင့်ရောကာပွလာတဲ့ထိခေါက်ပေးပါတယ်
ကြက်ဥနှင့်ဖောက်ထားသောဂျုံအနှစ်များကိုအဖုံးအုပ်ပြီးမိနစ်နှစ်ဆယ်
ခန့်ထားပေးပါတယ်
မိနစ်နှစ်ဆယ်ပြည့်ပါကကြက်ရင်ပုံသားတုံးလေးများနှင့်ရောမွှေပေးပါ
မီးအနေတော်နှင့်အပူပေးထားသောဆီပူမှာကြက်သားတုံးလေးများကို
တစ်ခုချင်းဇွန်းဖြင့်ခတ်ပြီးထဲ့ကာကြော်ပေးပါတယ်
ကြွတ်ပြီးမွှေးလာလျှင်ဆယ်ပြီးဆီစစ်ပေးပါတယ်
အချဉ်အတွက် လိုအပ်သော အစာများကိုပြင်ပေးပြီး ဆီကိုအပူပေးကာ ကြက်သွန်ဖြူနှင့် ဂျင်းထောင်းကို မိနစ်ဝက်လောက်ကြော်ပေးပြီး ပျားရည် ဆား ဗီနီကာ ကော်မှုန့်
ဆိုဒါ ရေတို့ကိုထဲ့ပြီး တစ်မိနစ်လောက် ကျိုပါ


ကြက်သားကြော်ကိုပန်းကန်ထဲပြောင်းထဲ့ပြီးထိုအပေါ်သို့ကျိုထားသော
အချဉ်ကိုလောင်းချပြီးနှမ်းစေ့လေးများဖြူးပေးပါတယ်
စားချင့်စဖွယ်Honey Chickenဟင်းလေးရပါပြီ

Sunday, 29 July 2012

ပုဇွန်ငံပြာရည်ချက် အစပ်ကြော်

ပုဇွန်ငံပြာရည်ချက်အစပ်ကြော်
 မာမာ့အကြိုက်လေးချက်ထားပါတယ် ရေချိုပုဇွန်သေးသေးလေးရလို့ အစပ်ကြော်လေးကြော်ပါတယ် များသောအားဖြင့် ဒီမှာရတဲ့ပုဇွန်တွေက ရေငံပုဇွန်တွေများပါတယ် ရေငံပုဇွန်က အနံ့ရလို့မာမာ မကြိုက်ပါဘူး ဘယ်လောက်ဘဲ အမွှေးနံ့သာတွေထဲ့ထဲ့ ရေငံပုဇွန်ရဲ့အနံ့က ပျောက်လေ့သိပ်မရှိပါဘူး အခုပုဇွန်က ရေချိုပုဇွန်လေးမို့ ကိုယ့်မြန်မာပြည်ရဲ့ အငွေ့အသက်လေး ပြန်ရသလိုလဲ ခံစားမိပါတယ်။

မြန်မာပြည်ဆိုရင်တော့ ဒီပုဇွန်ကို ပုဇွန်ခေါင်းချိုးလေးတွေလို့ခေါ်ပြီး အရမ်းလဲပေါသလို လတ်လတ်ဆတ်ဆတ်လဲ ရနိုင်ပါတယ် ဒီမှာတော့ ခဲထားတဲ့ ပုဇွန်လေးတွေဘဲ ရနိုင်တာမို့ မရှိတာထက်စာရင်တော့ တော်အုံးမှာလို့ပြောရမှာပါ ဘာဘဲဖြစ်ဖြစ် စားပြီဆိုမှတော့ အာထိလျှာထိလေးတော့ စားရအောင်  ငံငံစပ်ကြော်နည်းလေးကို မျှဝေပေးပါမယ်။

လေးယောက်စာ ပုဇွန်အရသာနယ်ရန်

  • ပုဇွန် - သုံးဆယ်သား
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်းလေးပုံ တပုံ


ပုဇွန်အစပ်ကြော်ရန်

  1. ငရုတ်သီးခွဲခြမ်း -ထမင်းစားဇွန်း သုံးဇွန်း
  2. ဆီ -ထမင်းစားဇွန်း ငါးဇွန်း
  3. ကြက်သွန်ဖြူထောင်း - ထမင်းစားဇွန်း နှစ်ဇွန်း
  4. ငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း


ပုဇွန်အရသာနယ် ငရုတ်သီးခွဲခြမ်း ကြက်သွန်ဖြူထောင်း

မီးအနေတော်နှင့်အပူပေးထားသောဆီပူမှာ
 ကြက်သွန်ဖြူထောင်းကိုတစ်မိနစ်လောက်ကြော်ပြီးမှ
ငရုတ်သီးခွဲခြမ်းမှုန့်ကိုထဲ့ကြော်ပေးပါ

နှစ်မျိုးလုံးရောပြီးတာနဲ့မီးရှိန်ကိုရှော့ပြီးမီးအေးအေးနဲ့တစ်မိနစ်ခွဲလောက်
ကြော်ပေးပါ

ပြီးလျှင်ပုဇွန်နှင့်ငံပြာရည်ကိုထဲ့ကာနှစ်မိနစ်ခွဲလောက်ကြော်ပေးပါ

အားလုံသမသွားပြီးကျွတ်လာလျှင်အပေါ့အငံမြည်းပြီးမီးပိတ်ပေးပါ

ထမင်းမိန်စေတဲ့ ပုဇွန်ငံပြာရည်အစပ်ကြော်မွှေးမွှေးလေးရပါပြီ

Friday, 27 July 2012

ကြက်သားအာလူး ဆီပြန်

ကြက်သားအာလူးဆီပြန်
မာမာ့ရဲ့ဒီဟင်းချက်တဲ့ blog လေးကိုမာမာ့သမီးလေးက အကြံပေးပြီး သူတို့မောင်နှစ်မနှစ်ယောက်က မာမာ့ကိုလုပ်ပေးခဲ့တာပါ စောစောပိုင်းတုံးကတော့ မာမာ့ရဲ့တစ်နေ့တာဆိုတဲ့ နာမည်လေးနဲ့မာမာ စာတွေရေးခဲ့ပါသေးတယ် နောက်ပိုင်းတော့ မာမာစာဆက်မရေးဖြစ်တော့တာနဲ့ အဲဒီ blog လေးကို ပိတ်ထားခဲ့ပါတယ်။

အခုတော့ ဟင်းတွေချက်ရင်းနဲ့ မာမာပျော်လာခဲ့ပါပြီ လူအမျိုးမျိုးစိတ်အထွေထွေ ဆိုသလိုမျိုးပေါ့နော် တစ်ယောက်နဲ့တစ်ယောက် ဟင်းချက်ပုံစံလေးတွေက ကွာခြားကြပါတယ် မာမာကအိမ်ချက်ဟင်းလေးတွေ အဓိကထားပြီးချက်ပါတယ် ဟင်းကမချက်တတ်ခင်တော့ တော်တော်လေးပင်ပန်းတယ်လို့ထင်ရပေမဲ့ ချက်တတ်သွားရင်တော့ အရမ်းပျော်စရာကောင်းပါတယ် နောက်ပြီး တစ်မိသားစုနဲ့တစ်မိသားစုက အကြိုက်ချင်းလဲတူချင်မှတူပါလိမ့်မယ် ဒါကြောင့်ဟင်းချက်ရင် ပုံသေထားပြီး မချက်ဘဲ လိုတိုးပိုလျော့လေးတွေလုပ်ပြီး ချက်တာအကောင်းဆုံးပါ မာမာတို့မိသားစုကိုဘဲကြည့်ပါနော်။

မာမာကဟင်းဆိုစပ်မှကြိုက်တယ် မိသားစုကစပ်ရင်မကြိုက်ကြပါဘူး မာမာကငပိဆို ဘာငပိဘဲဖြစ်ဖြစ်ကြိုက်တယ် မိသားစုကငပိကိုအနံ့တောင်မကြိုက်ကြပါဘူး အဲဒီလိုအခြေအနေမျိုးမှာ ကိုယ်ကဟင်းကို ချိန်ပြီးချက်တတ်အောင် ကြိုးစားရပါတယ် အဲဒီလို ချိန်ပြီးချက်တတ်သွားရင် ကိုယ်ချက်တဲ့ဟင်းကို ကိုယ့်မိသားစုကနှစ်သက်လာပါလိမ့်မယ်။

 အဲဒီလိုအချိန်မှာ မိသားစုမိန်ရည်ယှက်ရည်စားနေတာမြင်ရရင်ကိုဘဲ ဟင်းချက်ရတဲ့သူအတွက် အရမ်းပီတိဖြစ်ရပါတယ်  ဒါကြောင့်မို့ အခုမာမာဒီblog လေးလုပ်ရင်းနဲ့ ဟင်းချက်ရတာ ဘာကြောင့်ပျော်လာလဲဆိုတာကို မာမာ့ဆီလာလည်တွေမိတ်ဆွေတွေ သိလောက်မှာပါနော်

အပြင်ကဆိုင်ကြီးတွေမှာစားရတာထက် အိမ်မှာစားရတဲ့ မိသားစုထမင်းဝိုင်းလေးက ပိုပြီးအနှစ်သာရပြည့်စုံပါတယ် ဒီနေ့တော့ မာမာကြက်သားကို
မစပ်တဲ့အရောင်တင်မှုန့်လေးနဲ့ချက်ပေးထားလို့ မိသားစုအားလုံးစားနိုင်မယ်လို့ထင်မိပါတယ် အစပ်မစားနိုင်တဲ့မိသားစုတွေအတွက် ဒီနည်းလေးအတိုင်းချက်နိုင်ပါတယ်။

ကြက်သားအာလူးဆီပြန်ချက်လေးပါ
  •  1000g drumsticks ( ကြက်ပေါင်) 
  • 10 tablespoons oil (ဆီ)
  • 4 tablespoons shredded orions (ပါးပါးလှီးထားသောကြက်သွန်နီ)
  • 1 tablespoon paste garlic (ထောင်းထားသောကြက်သွန်ဖြူ)
  • 1 teaspoon paste ginger (ထောင်းထားသောဂျင်းအနှစ် )
  • 2 talespoons paprika powder (အရောင်တင်မှုန့်)
  •  5 bay leaf (ကရဝေးရွက်)
  • 1 teaspoon fennel seed  (စမုံစပါး)
  • 7 cloves (လေးညှင်း)
  • 1 star anise (နာနတ်ပွင့်)
  • 1 cinamon stick (သစ်ဂျပိုးခေါက်)
  • 2 teaspoons salt (ဆား)
  • 1 tablespoon sugar (သကြား)
ကြက်သားနယ်ရန်
1 teaspoon salt (ဆား)
1 teaspoon chicken powder(ဟင်းချိုမှုန့်)

အာလူးနယ်ရန်
  • 1000g potatos (အခွံခွာရေဆေးပြီးခြမ်းထားသောအာလူး)
  • 1/2 teaspoon salt (ဆား)

ကြက်သားကိုဆား ဟင်းချိုမှုန့်တို့နှင့်နယ်ပေးထားပါ
ငရုတ်သီးအရောင်တင်မှုန့် ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းထောင်း
ဟင်းခတ်အမွှေးအကြိုင်များ
အာလူးကိုဆားနှင့်နယ်ပြီးဆယ်မိနစ်လောက်ထားပြီးမှကြော်ပါ
အာလူးကြော်၍ပိုသောဆီပူမှာကြက်သွန်ဖြူနီချင်းထောင်းတို့ကို
အရင်ကြော်ပေးပါ အားလုံးနွမ်းသွားပါမှအရောင်တင်မှုန့်နှင့်ဟင်းခတ်
အမွှေးအကြိုင်များကိုထဲ့ပြီးဆီသတ်ပေးပါ
ကြက်သွန်ထောင်းများကျွတ်လာပြီးငရုတ်သီးဆီသတ်နံ့မွှေးလာမှ
ကြက်သားကိုထဲ့ပြီး ၅မိနစ်လောက်ဆီနာနာသတ်ပေးပါ
ကြက်သားမာပြီးကျစ်လာတဲ့ထိမကပ်အောင်မွှေမွှေပေးပြီးဆီသတ်ပါ
ကြက်သားမာပြီးကျစ်သွားမှဟင်းအနှစ်အရသာယူရန်ဆား ဟင်းချို
 မှုန်တို့နှင့်ရေကိုမြုပ်အောင်ထဲ့ပြီးနှစ်ရည်လောက်ခမ်းတဲ့ထိတည်ပါ
ကြက်သားနှစ်ရည်ခမ်းပါက အာလူးကိုရောပြီး ရေမမြုပ်တစ်မြုပ်ထဲ့ပြီး
ဆက်တည်ပါ
ရေခမ်းပြီးဆီပြန်လာလျှင်အပေါ့အငံမြည်ပေးပြီးမီးပိတ်ပေးပါ
ကြက်သားအာလူးဆီပြန် မွှေးမွှေးလေးရပါပြီ
ကြက်သားအာလူးဆီပြန်ဟင်းလေးပါ

Sunday, 22 July 2012

သမီးလေးလုပ်တဲ့ GOLDEN BUTTER CAKE

သမီးလေးလုပ်တဲ့ GOLDEN BUTTER CAKE

ဒီနေ့ ကျောင်းပိတ်ရက်လေးမှာ Butter Cake လေးလုပ်စားဖြစ်ပါတယ် အမေစားချင်တယ်ဆိုတာနဲ့ မာမာ့သမီးလေးက လုပ်ပေးပါတယ် ပြင်ဆင်ချိန်က မကြာပါဘူး ovenထဲ ထဲ့ချိန်လေးဘဲ နဲနဲကြာပါတယ်။

သူဝါသနာပါတာဆိုရင်တော့ မညီးမညူလုပ်တတ်လို့ ချစ်ဖို့ကောင်းပါတယ် မာမာ့သမီးလေးလုပ်တဲ့ မုန့်လေးရယ် မုန့်လုပ်နည်းလေးရယ်ကို ကြည့်ကြည့်ပါအုံးနော်။

လိုအပ်တာတွေက
ပထမဦးဆုံး
2 1/2 cups self-raising flour
250g butter
1 cup caster sugar
2 teaspoons vanilla essence တို့ကိုရောမွှေပေးပါ
ပထမအဆင့်ဂျုံရောနှင့်ထပ်ပြီးရောရန်ဒုတိယအဆင့်လိုအပ်တာတွေက
2 eggs 
2/3 cup milk
3 tablespoons butter


ဂျုံကိုcaster sugar ,vanilla essence,butter တို့နှင့်အရင်ဆုံးရောမွှေပေးပြီး ကြက်ဥ ထောပတ် နို့တို့နှင့်ရောမွှေပေးပါ

round cate pan ကိုဆီဖျန်းပေးထားပါ

ရောမွှေထားသောဂျုံစပ်ပြီးသားများကို round cate pan ထဲသို့လောင်းချပေးပါ

ovenထဲတွင်180° နှင့်လေးဆယ့်ငါးမိနစ်ထဲ့ပေးပါ

လေးဆယ့်ငါးမိနစ်ပြည့်လျှင်ကျက်ပါပြီ

oven ထဲကထုတ်ကာစGolden Butter cateမုန့်လေးပါ

round cake pan ထဲမှပန်းကန်ပြားပေါ်ကိုအသာသွန်ချပေးပါ

ဒါလေးကပြောင်းပြန်ပြန်လှန်ထားတာပါ

Butter Cakeလေးလှီးပြီးပါပြီရှင်အားမနာတမ်းသုံးဆောင်ကြပါနော်

Thursday, 12 July 2012

ဆိတ်အူဟင်း အစပ်ချက်

ဆိတ်အူဟင်း
ဆိတ်အူအစပ်ချက်
မာမာဒီနေ့စိတ်အူကိုငရုတ်သီးစပ်စပ်လေးချက်ထားပါတယ်
မဆလာနိုင်နိုင်လေးနဲ့ချက်ထားလို့စားလို့အရမ်းကောင်းပါတယ်
ထမင်းလဲမိန်စေတဲ့ဟင်းတစ်ပွဲပါ စိတ်အူဟင်းလေးချက်ရင်ငံပြာရည်မထဲ့ဖို့တော့သတိပေးမယ်နော်
ငံပြာရည်ထဲ့ရင်အညှီနံ့ကိုမထိမ်းတဲ့အပြင်ငံပြာရည်နံ့ကပိုပြီးထွက်စေပါတယ်
ဒါကြောင့်မို့ဒီနေ့စိတ်အူဟင်းလေးကိုဆားလေးနဲ့အရသာနယ်ပြီးစပါးလင်ထုထောင်းထဲ့ကာချက်ထားပါတယ်
ဟင်းအိုးအဖုံးဖွင့်လိုက်တယ်ဆိုရင်ဘဲအရပ်လေးမျက်နှာမှာရှိတဲ့လူတွေအနံ့နဲ့ထမင်းစားလို့ရလောက်အောင်ကို
ချက်ထားပါတယ်။
ချက်ကြည့်ရအောင်နော်
  • ဆိတ်အူ - 750 g
  • ကြက်သွန်နီ - တစ်ခြမ်း(ငရုတ်သီးမှုန့်နှင့်ထောင်းရန်)
  • ကြက်သွန်ဖြူ - သုံးမွှာ (                 ။                 )
  • ချင်း - လက်တစ်ဆစ်  (                 ။                 )
  • စပါးလင် - တစ်ပင်
  • နနွင်းမှုန့် - အနည်းငယ်
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ဟင်းချိုမှုန့်- လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ငရတ်သီးအရောင်တင်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  • မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ဆီ - လက်ဖက်ရည်ပန်းကန်လုံး - တစ်ဝက်
ဆိတ်အူကိုရေဆေးပြီးအတုံးလေးများတုံးကာငရုတ်သီးထောင်း
 နနွင်းမှုန့် ဆား မဆလာဟင်းချိုမှုန့်တို့နှင့်နယ်ပေးပြီးဆီနှင့်
 ရေနဲနဲထဲ့ကာငါးမိနစ်လောက်လုံးချက်ချက်ပေးပါတယ်

ငါးမိနစ်လောက်လုံးချက်လေးချက်ပေးပြီးဟင်းလုံးမိသွားပါက
စပါးလင်ကိုအပင်လိုက်ထုထောင်းပြီးထဲ့ပေးကာ
 ဆိတ်အူကိုရေမြုပ်အောင်ထဲ့ပြီးနူးတဲ့ထိချက်ပေးပါတယ်

ပထမတစ်ရည်ခမ်းပြီးမနူးသေးပါကနောက်တစ်ရည်ထပ်ထဲ့ပြီး
တည်ပေးပါတယ် နောက်ရေခမ်းပြီးဆီပြန်သွားရင်ကျက်ပါပြီ

အမွှေးနံ့သာစုံလင်စွာနဲ့စိတ်အူဟင်းစပ်စပ်မွှေးမွှေးလေးရပါပြီ

Thursday, 5 July 2012

ကောက်ရိုးမှို မုန့်ညှင်းစိမ်းကြော်

မှိုမုန့်ညှင်းစိမ်းကြော်

ကောက်ရိုးမှိုနဲ့ မုန့်ညှင်းစိမ်းလေးကြော်ပါတယ်
အသီးအရွက်တွေက ကြော်ချိန်မကြာလို့ စားခါနီးမှကြော်ရင် ပိုပြီးစားလို့ကောင်းပါတယ်
နောက်ပြီး အသီးအရွက်ကြော်ရင် အိုးကိုဖုံးပြီး မကြော်တာ အကောင်းဆုံးပါ ဖုံးပြီးကြော်ရင် အရမ်းနူးကုန်ပြီး အရောင်တွေညိုကုန်ရင် စားလို့မကောင်း ဖြစ်တတ်ပါတယ်။

  • ကောက်ရိုးမှို - သုံးဆယ်သား
  • မုန့်ညှင်းစိမ်း - တစ်စီး
  • ကြက်သွန်ဖြူ - သုံးမွှာ
  • ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တဝက်မရှိတရှိ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
မုန့်ညှင်းစိမ်းကို လှီးဖြတ်ပြီး ရေဆေးပါ
ကောက်ရိုးမှိုလေးတွေကိုရေဆေးပြီးတစ်ဝက်ဆီခြမ်းပါ
 ကြက်သွန်ဖြူကို ဓါးပြားရိုက်ပေးပါ
မီးအနေတော်မှာဆီကိုအပူပေးပြီး နနွင်းမှုန့်ထဲ့ကာကြက်သွန်ဖြူကို
ဆီအရင်သတ်ပါ ပြီးလျှင်မှိုကို သုံးမိနစ်လောက်ကြော်ပေးပါ
ပြီးလျှင်မုန့်ညှင်းကိုထဲ့ကြော်ပေးပြီး ဆားနှင့်ဟင်းခတ်မှုန့်ကိုထဲ့ပေးပါ
အားလုံးကို၂မိနစ်လောက် ထပ်ကြော်ပေးပြီး
အပေါ့အငံမြည်းပြီး မီးပိတ်ပေးပါ
ဒယ်အိုးထဲမှာထားရင် အရောင်တွေ ညိုသွားတတ်လို့
ချက်ပြီးပြီးချင်းပန်းကန်ထ ပြောင်းထဲ့ပေးပါ
ကောက်ရိုးမှို မုန့်ညှင်းစိမ်းကြော်