Friday, 3 August 2012

ခရမ်းချဉ်သီး ငါးငပိချက်

ခရမ်းချဉ်သီးငါးငပိချက်
ခန ခနချက်ဖြစ်တဲ့ဟင်းလေးပါ ထမင်းမိန်စေလို့သဘောကျနေတာတော့အမှန်ပါ တစ်ချို့ကလဲ မာမာ့ blogက ဟင်းတွေထပ်နေပြီလို့ ပြောကြပါတယ် တစ်ကယ်လဲထပ်နေခဲ့ပါတယ် တစ်ကယ်တော့မာမာ့ရဲ့ဒီ blog လေးကနေ့စဉ်ချက်ဟင်းလေးတွေတင်မယ်ဆိုပြီး လုပ်ခဲ့တာပါ မာမာ့ဟင်းတွေကရိုးပါတယ် ဒါပေမဲ့ပကာသနမဖက်ဘဲ ထမင်းကိုမိန်စေမယ်လို့ထင်ပါတယ် ဒီနေ့ချက်တဲ့ငါးငပိချက်လေးက ခရမ်းချဉ်သီးဗူးလေးရယ် ငပိရည်ကျိုလေးရယ်ကိုအဓိကထားပြီးနဲ့ချက်ထားပါတယ် ငပိချက်ဖြစ်တဲ့အတွက် အငံလေးပိုပြီးကဲထားပါတယ် မြည်းကြည့်ကြပါအုံးနော်
ပါဝင်ပစ္စည်းလေးတွေက
  • ငါးအသား - လေးဆယ်သား
  • ခရမ်းချဉ်သီးအနှစ် - တစ်ဗူး
  • ငရုတ်သီးခွဲခြမ်းမှုန့် - လက်ဖက်ရည်ပန်းကန်လုံး တစ်ဝက်
  • ငံပြာရည် - လက်ဖက်ရည်ပန်းကန်လုံး တစ်ဝက်
  • ဆား - လက်ဖက်ရည်ဇွန်း  တစ်ဇွန်း
  • ဆီ - လက်ဖက်ရည်ပန်းကန်လုံး တစ်ဝက်သာသာ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  • ကြက်သွန်နီ - တရုတ်ဟင်းရည်သောက်ပန်းကန် တစ်လုံးစာ
  • ငပိရည်ကျို - လက်ဖက်ရည်ပန်းကန် တစ်လုံးနှင့်တစ်ဝက်
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • ငရုတ်သီးစိမ်း - လေးတောင့်
  • နံနံပင် - ငါးပင်
  • ကြက်သွန်ဖြူ - ဆယ်မွှာ

ငရုတ်သီးခွဲခြမ်းမှုန့် ခရမ်းချဉ်သီးအနှစ်ဗူး ငံပြာရည် ငါးနုတ်နုတ်စဉ်း
ကြက်သွန်နီ ကြက်သွန်ဖြူ နံနံပင်
ငပိချက်ထဲထဲ့ရန်အတွက်ကျိုထားတဲ့ငပိရည်ကျိုလေးပါ
ဆီပူထဲနနွင်းမှုန့်ထဲ့ပြီးကြက်သွန်နွမ်းတဲ့ထိကြော်ကာပြီးမှ
ငရုတ်သီးခွဲခြမ်းမှုန့်ကိုတစ်မိနစ်လောက်ထဲ့ကြော်ပေးပါ
ငရုတ်သီးကြက်သွန်ကြော်မွှေးလာပါကငါးနုတ်နုတ်စဉ်းကိုထဲ့ပြီး
ငါးအသားလေးများမာလာတဲ့ထိမွှေမွှေပေးပါတယ်

ငါးအသားလေးများမာပြီးအဖတ်လေးများဖြစ်သွားလျှင်ရေ
မမြုပ်တစ်မြုပ်ထဲ့ကာသုံးမိန်လောက်တည်ပေးပါတယ်
ရေခမ်းကာနီးပါကခရမ်းချဉ်သီးအနှစ်များ ငံပြာရည် ဆားဟင်းချိုမှုန့်နှင့်
ငါးငပိရည်ကျိုတို့ကိုထဲ့ပြီးမွှေပြီးသုံးမိနစ်လောက်ဆူအောင်တည်ပေးပါတယ်
အရည်လေးနှင့်ထားပြီးကြက်သွန်ဖြူ ငရုတ်သီးစိမ်း နံနံပင်တို့ထဲ့ကာဟင်းရည်ကို
မိနစ်ဝက်လောက်ထပ်ဆူစေပြီးမီးပိတ်ပေးပါတယ်

6 comments:

  1. အစ်မ.. ခရမ်းချဉ်သီး ငါးပိချက်နည်း ကလေးက ဆန်းတယ်.. ချက်ကြည့်ဦးမယ်..။

    ReplyDelete
    Replies
    1. ချက်ကြည့်နော်
      ငပိရည်တို့ငပိတို့ကြိုက်တဲ့သူတွေအတွက်တော့
      အရမ်းထမင်းမိန်စေတဲ့ဟင်းလေးပါ။

      Delete
  2. ပဲပင်ပေါက် ပဲပြားကြော်ဖတ်လိုက်လို့ ဒီကနေ့အတွက် ဟင်းတစ်ပွဲရပြီး)
    ခရမ်းချဉ်သီး ငါး ငပိချက်လေးပါ အတို့အမြှုပ်စုံလေးနဲ့ ချက်လိုက်မယ် မာမာရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
    Replies
    1. ကျေးဇူးပါတီတင့်ရေ
      ဒီနေ့တော့ငါးငပိချက်လေးနဲ့ထမင်းမိန်ပါစေနော် :)


      လေးစားခင်မင်လျှက်
      မာမာ

      Delete
  3. မမမာရေ သီတာတို့အိမ်မှာလည်းဒီနေ့ခရမ်းချဉ်သီးငပိချက် ချက်တယ်တိုက်ဆိုင်လိုက်တာ

    ReplyDelete
    Replies
    1. စိတ်ချင်းဆက်နေလို့နေမှာပါသီတာရေ
      အဲဒီဟင်းလေးကထမင်းမိန်တယ်နော်

      Delete